သွေးစစ်သင့်တဲ့အကြောင်းရင်း

ခန္ဓာကိုယ်ထဲမှာ ဖြစ် နေတဲ့ရောဂါတွေတော်တော်များ များက အခြေအနေမဆိုးခင်အထိ ပြင်ပလက္ခဏာတွေပြခဲပါတယ်။ အချို့ရောဂါတွေဆို ရောဂါတော် တော်ကျွမ်းမှ လက္ခဏာပြတာမျိုး တွေရှိပြီး မလိုအပ်ဘဲ အသက် အန္တရာယ်ထိခိုက်တာမျိုးတွေ တောင် ကြုံရနိုင်ပါတယ်။ သည် ပြဿနာတွေကို မကြုံချင်ဘူး ဆိုရင်တော့ လုပ်လို့ရတဲ့နည်းလမ်း တစ်ခုရှိပါတယ်။ ဒါကတော့ သွေး စစ်တာပါ။ သွေးစစ်တာကနေ တစ်ဆင့် ကိုယ်တွင်းကရောဂါ အခြေအနေတွေကို အကောင်းဆုံး ဖော်ထုတ်လို့ရပါတယ်။

သွေးစစ်တာကဘာတွေသိနိုင်မလဲ

• သွေးအမျိုးအစားသိနိုင်မယ်

• သွေးတွင်းကိုလက်စထရော

• နှလုံးရောဂါဖြစ်နိုင်ခြေ

• ဆီးချိုဖြစ်နိုင်ခြေ

• အဆစ်ရောင်နာရောဂါ

• ကင်ဆာ

• ဘေဘီလေးမှာ မျိုးရိုးလိုက်တဲ့ ရောဂါတွေ ပါလာနိုင်လား

• ကျောက်ကပ်ထိခိုက်မှုရှိနေလား

• အသည်းရောဂါ

• အသည်းရောင် အသားဝါ A

• အသည်းရောင် အသားဝါ B

• အသည်းရောင် အသားဝါ C

• HIV / AIDS

• သွေးဖြူဥအရေအတွက်

• သွေးဆဲလ်အရေအတွက်

• အယ်လ်ဇိုင်းမားရောဂါ

• Hyperactive

• အော်တစ်ဇင်

• မျိုးဗီဇ (DNA)

• လေးဖက်နာရောဂါပိုး

• သည်းခြေကျောက်ဖြစ်နိုင်ခြေရှိ လားဆိုတဲ့ရောဂါတွေကိုသိနိုင်ပါ တယ်။ သွေးထဲမှာရှင်သန်နေတဲ့ ရောဂါပိုးတွေရှိနေလားဆိုတာကို လည်း သိနိုင်မှာပါ။

ရောဂါကိုကုသဖို့အတွက်ရော ကာကွယ်ဖို့အတွက်ပါ အကောင်း ဆုံးအထောက်အပံ့ပေးနိုင်ပါ တယ်။ ဒါကြောင့် ကျန်းမာရေး စစ်ဆေးမှုအနေနဲ့ဖြစ်ဖြစ် ကျန်း မာရေးကြိုတင်ကာကွယ်မှုအနေနဲ့ ဖြစ်ဖြစ် သွေးစစ်ဆေးသင့်ပါ တယ်။

Leave a Reply

Your email address will not be published. Required fields are marked *