နံနက်ခင်းရဲ့နေရောင်ခြည်လေးလို နူးညံ့တဲ့ အလှတရားကို ပြသလိုက်တဲ့ ပတ်ထရစ်ရှာ

ညှို့အားပြင်းလွန်းတဲ့ အမိုက်​စားမင်းသမီး​ချော​လေး ပတ်​ထရစ်​ရှာက​တော့ ရူးခါ​အောင်​မိုက်​တဲ့ ခန္ဓာကိုယ်​ကောင်​ကြောင်း​အလှနဲ့ International ဆန်​တဲ့ မျက်​နှာကျ​လေးကို ပိုင်​ဆိုင်​ထားသူ​လေးမို့ ပရိသတ်တွေ အမြဲစောင့်ကြည့်အားပေးနေရသူလေးပါ။ အမြဲလိုလို သူမရဲ့အလှပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးလေ့ရှိတဲ့ ပတ်​ထရစ်​ရှာက​တော့ လတ်​တ​လောမှာလည်း နံနက်ခင်းရဲ့နေရောင်ခြည်လေးလို ကြည်လင်တောက်ပနေတဲ့ သူမရဲ့အလှပုံရိပ်​လေး​တွေကို လူမှုကွန်​ယက်​မှာ​ဝေမျှ​ပေးထားတာ​တွေ့ရပါတယ်​။ ပတ်​ထရစ်​ရှာရဲ့မျက်နှာလေးက​တော့ အနီးကပ်ကြည့်ကြည့်လေ အရမ်းကို ကြည့်​လို့လှ​နေတာပါ​နော်​။

ချစ်ပရိသတ်တွေအတွက် နံနက်ခင်းလေးကို လန်းဆန်းစေမယ့် မင်းသမီးချောလေး ပတ်ထရစ်ရှာရဲ့အလှပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပတ်ထရစ်ရှာကတော့ “Good morning ☀️ I hope you slept well 💤 💕Feeling cute in my Victoria’s Secret silk robe from Bewitch Women’s Nighties & Lingerie” ဆိုပြီး လှရက်လွန်းတဲ့ သူမရဲ့အလှပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

လှရက်လိုက်တာ ရှာရှာရယ်…။

မင်းသမီး​ချော​လေး ပတ်ထရစ်ရှာက​တော့​ လတ်​တ​လောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေပြီး ရုပ်​ရှင်​တွေလည်း ရိုက်​ကူးဖြစ်​နေတယ်​လို့ သိရပါတယ်​။ ချစ်​ပရိသတ်​တွေလည်း စွဲမက်ဖွယ်ကောင်းတဲ့ အလှတရားကို ပိုင်​ဆိုင်​ထားတဲ့ ရှာရှာလေးကိုချစ်​ရင်​share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Leave a Reply

Your email address will not be published. Required fields are marked *