ကျောက်စိမ်း ဘုရားမှာ တရုတ်ဇီးရိုးဘတ်ဂျက် Tour တွေ လုပ်ရက်ကြောင့် အရမ်းစိတ်တို ခဲ့ရတဲ့ စမိုင်း










ယူနီကုဒ်ဖြင့် ဖတ်ရန်

သရုပ်ဆောင် စမိုင်းလ်ကတော့ လက်ရှိမှာခင်ပွန်းဖြစ်သူရဲ့ အလုပ်တွေကိုကူညီလုပ်ကိုင်ပေးရင်းအေးချမ်းတဲ့ ဘဝလေးကို ဖြတ်သန်းလျဖြတ်သန်းနေတာပါ

အနုပညာအလုပ်တွေကို ဆက်လက်မလုပ်ကိုင်တော့ပေမယ့် ပရိသတ်တွေရဲ့ ချစ်ခြင်းကို ဆက်လက် ရရှိနေဆဲလည်းဖြစ်ပါတယ်

စမိုင်းဟာဘာသာတရားကိုင်းရှိုင်းသူတစ်ဦးဖြစ်တဲ့အပြင် လှူဒါန်းမှုတွေကိုလည်း မကြာခဏပြုလုပ်တတ်သူတစ်ဦးဖြစ်ကာ

ဘုရားပုထိုးတွေကိုလည်း လှည့်လည်သွားလာလေ့ရှိသူပါ စမိုင်းလ်ဟာဒီတခေါက်မှာတော့ ကျောက်စိမ်းဘုရားမှာ တရုတ်ဇီးရိုးဘတ်ဂျက် Tour တွေ ကြောင့် ဆူညံပြီး

ဘုရားရှိခိုးရတာ အဆင်မပြေတဲ့ အကြောင်း မျှဝေလာခဲ့တာပါ။ Zero Budget Tour ဆိုတာကတော့ တရုတ်နိုင်ငံကနေ Tour Package နဲ့ ရောက်ရှိလာသူတွေဖြစ်ပြီး

အုပ်စုလိုက် စည်းကမ်းမဲ့စွာသွားလာတတ်တဲ့ တရုတ်ခရီးသည်တွေကို ဆိုလိုတာပဲဖြစ်ပါတယ်။ဒီတရုတ်ခရီးသည်တွေထဲကတစ်ဦးဟာ ကျောက်စိမ်းစေတီတော်မြတ်ကြီးမှာကျောက်စိမ်းတချို့ကို

အိတ်ထဲထည့်ကာ ကောက်ယူသွားခဲ့လို့ ဂေါပကအဖွဲ့က ဒဏ်ရိုက်အပြစ်ပေးခဲ့ရပါသေးတယ်။စမိုင်းလ်က ဒီလို တရုတ်ခရီးသည်တွေနဲ့ တွေ့ကြုံခဲ့ရတာဖြစ်ပြီး စိတ်ပျက်လက်ပျက်ပြောဆိုနေခဲ့တာပါ။

စမိုင်းလ်ကတော့ ဘာသာတရားကိုင်းရှိုင်းသူပီပီ ဒီလိုဆူညံနေတာကို သဘောမကျဖြစ်နေပုံပါပဲ။ဗီဒီယိုထဲမှာပါသလောက်လည်း တရုတ်ခရီးသည်တွေဟာ ဘုရားကိုစိတ်မဝင်စားပဲ

တခြားကိစ္စတွေကိုသာ လုပ်ဆောင်နေခဲ့တာပါ။စမိုင်းလ်ကတော့ ဒီအကြောင်းအရာတွေကို လူအများသိရှိအောင် လူမှုကွန်ယက်ကနေ ပြောပြလာခဲ့ဟန်တူပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *