လတ်တလောဖြစ်သွားတဲ့ ပြဿနာနဲ့ပတ်သတ်ပြီး စိတ်ရင်းနဲ့ ပြန်တောင်းပန်လိုက်တဲ့ ဖြိုးမြတ်အောင်

ရိုးရှင်းတဲ့ စိတ်ထားနဲ့ ထူးခြားတဲ့အသံတို့ကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားတဲ့ Myanmar Idol Season 3 ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်ကတော့ ဘာသာရေးကိုင်းရှိုင်းလွန်းသူ တစ်ဉီးပါ။

လတ်​တ​လောမှာ​တော့ ဖြိုးမြတ်​အောင်​က Myanmar Idol Season 4 ပြိုင်ပွဲကြီးကိုကြည့်ဖို့ ဝင်ခွင့်မရလို့ စိတ်မကောင်းဖြစ်လွန်းစွာ ရင်ဖွင့်ခဲ့တာတွေအတွက် တောင်းပန်တဲ့အကြောင်း လူမှုကွန်​ယက်​မှာ​ဝေမျှ​ပေးထားတာ​တွေ့ရပါတယ်​။ ဖြိုးမြတ်​အောင်​က​တော့ ဖြစ်ခဲ့တဲ့အကြောင်းတွေအတွက် စိတ်ရင်းနဲ့ တောင်းပန်တဲ့အကြောင်း သေသေချာချာလေးကို ပြောထားတာပါ။

ချစ်ပရိသတ်တွေအတွက် လတ်တလောဖြစ်သွားတဲ့ ပြဿနာနဲ့ပတ်သတ်ပြီး စိတ်ရင်းနဲ့ အားလုံးကို ပြန်တောင်းပန်လိုက်တဲ့ ဖြိုးမြတ်အောင်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဖြိုးမြတ်အောင်ကတော့ “ယခုလက်တလော ဖြစ်သွားတဲ့ ပြသနာနဲ့ ပက်သက်ပြီး ကျွန်တော့် ဘက်က နား လည်မှု့ လွဲသွားခဲ့တာနားလည် ပေး စေလိုပါတယ် ကျွန်တော် ဘဝင်မြင့်တဲ့ကောင်မဟုတ်သလို ​အောက်ခြေ လွတ်တဲ့ ကောင်လည်းမဟုတ်ပါဘူး

ကျွန်တော့် ကြောင့် ထိ ခိုက်နစ်နာသွားရင်တောင်းပန်ပါတယ် ******ကျွန်တော့်ကို ချစ် တဲ့ မိသားစုတွေ အါးလုံးလည်း ဘာမှ မရေး ကြပါရန် အထူး တောင်းပန်ပါတယ် ဗျာ *******😔😔😔🙏🙏🙏Ps.အပေါ်ယံ တောင်းပန်ခြင်း မဟုတ်ပဲ တစ်ကယ့်စိတ်ရင်း ဖြင့်သာ တောင်းပန်ခြင်းဖြစ်ပါတယ် အားလုံးကို ကျွန်တော်က ပဲ တောင်းပန်ပါတယ် ဗျာ 🙏🙏🙏ကျွန်တော်တို့ရိုးရိုးလေးပဲ တွေး ကြရအောင်” ဆိုပြီး စိတ်ရင်းနဲ့ တောင်းပန်ထားတာပါ။

ဖြိုးမြတ်​အောင်​က​တော့ လတ်​တ​လောမှာ သူချစ်​ရတဲ့သီချင်း​တွေ​ကို ခံစားချက်​အပြည့်​နဲ့ အ​ကောင်းဆုံးကြိုးစားလုပ်​ကိုင်​နေတယ်​လို့ သိရပါတယ်​။ ချစ်ပရိသတ်တွေလည်း အားပေးရကျိုးနပ်အောင် စိတ်ထား အရမ်းကောင်းလွန်းတဲ့ ဖြိုးမြတ်အောင်ကို ချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat

Leave a Reply

Your email address will not be published. Required fields are marked *