အပြင်သွားခါနီး သမီးတွေကို ကျစ်ဆံမြီးကျစ် အလှပြင်ပေးနေတဲ့ ဖေကြီး လင်းလင်း

နိုင်ငံကျော် အနုပညာရှင်တွေဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေက သာယာလှပတဲ့ အိမ်ထောင်တစ်ခုကို အသက်သွင်းပုံဖော်ရင်း အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေသူများပါ။ လင်းလင်းနဲ့ ချစ်သုဝေက ချစ်စရာကာင်းတဲ့ သမီးလေး ခေတ်နဲ့သစ်ကို မွေးဖွားထားပြီး သမီးလေးနှစ်ယောက်အတွက် အချိန်ပေးနေတာ ဖြစ်ပါတယ်။

သမီးတွေကို အလိုလိုက်ပြီး ပိုးမွေးသလို ဂရုစိုက်လွန်းတဲ့ လင်းလင်းနဲ့ ချစ်သုဝေကို ပရိသတ်တွေကလည်း သဘောကျပြီး သူတို့ရဲ့ လှုပ်ရှားမှုတိုင်းကို စိတ်ဝင်တစား စောင့်ကြည့်အားပေးကြတာ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း ဖေဖေ လင်းလင်းက အပြင်သွားခါနီး သမီးလေး ခေတ်နဲ့သစ်ကို သူကိုယ်တိုင် ကျစ်ဆံမြီးကျစ်ပြီး အလှပြင်ပေးနေတာကို တွေ့ရပါတယ်။

လင်းလင်းက သူ့ရဲ့သမီးလေးတွေကို တုန်နေအောင်ချစ်ပြီး သမီးလေးတွေအလိုကို လိုက်လွန်းတဲ့ ဖခင်ကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဖေဖေလင်းလင်းကတော့ သမီးလေးတွေလှအောင် စိတ်ရှည်လက်ရှည် အလှပြင်ပေးနေတာပဲနော်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ လင်းလင်းတို့သားအဖတွေရဲ့ မြင်ကွင်းကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena

Leave a Reply

Your email address will not be published. Required fields are marked *